နောင်ချို ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDများပြုလုပ်ပေးခြင်းကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအေးနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် ကတ်ပြားများ လဲလှယ်ပေးခြင်းနှင့် UID များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်သန်း၊ ဦးသီဟလှိုင်တို့မှ ကြည်ရှု့အားပေးခဲ့ကြကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)