မရမ်းကုန်းမြို့နယ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော ရေမြောင်းတူးဖော်ဖောက်လုပ်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေကွင်းဆင်းကြည့်ရှုစစ်ဆေး

မရမ်းကုန်း သြဂုတ် ၆

မိုးရာသီကာလအတွင်း ရေမြောင်းများ ရေးစီးရေလာ ကောင်းမွန်စေရေးနှင့် လမ်းများပေါ်သို့ ရေလျှံခြင်းတို့မှ ကင်းဝေးစေရေး အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော အမှတ်(၁)ရပ်ကွက်ရှိ ရွှေတစ်ဆုပ်လမ်းနှင့် ခိုင်ရွှေဝါလမ်းများရှိ ရေမြောင်းများ တူးဖော်ဖောက် လုပ်ခြင်းလုပ်ငန်းများ၏ ပြီးစီးအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းနှင့် တာဝန်ရှိသူများ လိုက်ပါကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြရာ အဆိုပါ ရေမြောင်းဆောင်ရွက်မှုမှာ ယခုအချိန်တွင် ၇၀ ရာခိုင်းနှုန်းပြီးစီးပြီး ဆက်လက်လုပ်ဆောင်ရန်လို အပ်သည်များအား ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)