နောင်ချိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲပြုလုပ်

နောင်ချို ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်းရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကို သာဓကများဖြင့် ရှင်းလင်းဟောပြောခဲ့သည်။ ထို့‌နောက် ကျောင်းသား၊ကျောင်းသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ ဒုတိယဦးစီးမှူး‌ ‌ဒေါ်အိအိစိုးမှ ပြန်လည်ဖြေကြားခဲ့ပြီး အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။  ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်းရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်/စာစောင်များအား စိတ်ပါဝင်စားစွာဖတ်ရှု့လေ့လာခဲ့ကြပြီး ဟောပြောပွဲသို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် အလားတူ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင်လည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်၊ ပြန်/ဆက်