ကျောက်မဲမြို့၊ အထက (၂) ကျောင်း၌ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

ကျောက်မဲ ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် ဝန်ထမ်းများသည် ရက်(၁၀၀) "လမင်း" စီမံချက်အရ ယနေ့တွင် ရပ်ကွက် (၉) ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) ပတ္တမြားခန်းမ၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် Biometric (UID) ဇီဝအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ကွင်းဆင်းဆောင်ရွက်နေမှုများကို ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝင်းနှင့် ဦးသန်းထိုက်ဇော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခိုင်မာတို့က လာရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကာ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား ပြုလုပ်ပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူအချို့အား လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကားပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) မှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား ပြုလုပ်မည့် ကျောင်းသား ၆၄ ဦးနှင့် ကျောင်းသူ ၆၂ ဦး စုစုပေါင်း ၁၂ေ၆ ဦးတို့အား နေ့ချင်းပြီး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)