ကျေးသီး ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (အကြို ) ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမြို့မ (အ.မ.က) ကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ဆိုင်သော သိကောင်းစရာ အသိပညာများကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဟောပြောပွဲတွင် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း နံရံကပ်စာစာင် ပြသကာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျေးသီး(ပြန်/ဆက်)