ကွန်ဟိန်းမြို့(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ကွန်ဟိန်း ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊(Community Centre)ခန်းမ၌  စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားထားသည့် ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အေဗရာဟမ်လင်ကွန်းခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် စာကြည့်တိုက် လက်ထောက်-(၃) ဒေါ်သဲမာက စာဖတ်ခြင်းကြောင့် ဘာအကျိုးထူးတွေ ခံစားရရှိနိုင်မလဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် ဒေါ်သက်ထားဦးက ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် ဦးစိုင်းညီညီက စာဟူသည် ကဝိတို့၏ပစ္စည်း၊ ကဝေတို့၏မာယာခေါင်းစဉ်ဖြင့် လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွါးလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)