ကလောမြို့နယ်၊ လမိုင်း‌ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလော ဇွန် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လမိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်‌ရေးရာအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လမိုင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်မေသူအောင်က အမှာစကားပြောကြားပြီး ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များနှင့်ပတ်သက်၍လည်း‌ကောင်း၊ ‌ဒုတိယဦးစီးမှူး‌ ဒေါ်ပြည့်ဖြိုးကြွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း‌ကြောင့် ရရှိလာမည့်အကျိုး‌ကျေးဇူးများအကြောင်းနှင့် အောင်ပန်းမြို့ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ  ရဲအုပ်ကျော်ဆန်းက ၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူမှုကွန်ရက်မှ မိတ်ဆွေဖွဲ့ပြီးလူကုန်ကူးခံရနိုင်သည့် နည်းလမ်းများအကြောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့သည်။ 

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ အားကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတများတိုးပွား‌ရေးအတွက် လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာအကြောင်းနှင့် က‌လေးအလုပ်သမားပပျောက်‌ရေးဝိုင်းဝန်းကူညီ‌စောင့်ရှောက်ပေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)