မိုင်းဖြတ်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြော

မိုင်းဖြတ် ဇွန် ၁၈ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်တွင် တာချီလိတ်ခရိုင်၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးရဲမိုးစိုးက ​ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာသိကောင်းစရာများ၊ ယာဉ်မောင်းသူတစ်ဦးလိုက်နာရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)