မိုးကောင်း ဇွန် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test အထူးအစီအစဉ်စာမေးပွဲ တတိယနေ့ကို ဇွန်လ (၁၇) ရက်နံနက် (၉) နာရီတွင် အ.ထ.က-၁ (မိုးကောင်း)၊ အ.ထ.က-နမ္မတီးနှင့် အ.ထ.က-ပင်းဘော စာစစ်ဌာနတို့၌ ဆက်လက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test အထူးအစီအစဉ်စာမေးပွဲဖြေဆိုရာတွင် Grade-1 မှ Grade-8 ထိ စာရင်းရှိကျား (၄၄၂) ဦး၊ မ (၅၀၅) ဦး စုစုပေါင်း (၉၄၇) ဦးအနက် ဖြေဆိုသူ ကျား (၃၉၂) ဦး၊ မ (၄၄၃) ဦး စုစုပေါင်း (၈၃၅) ဦးဖြေဆိုပြီး ဖြေဆိုမှု ၈၈ ဒဿမ ၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးကောင်းမြို့နယ် စာစစ်ဌာနများ၌ Placement Test စာမေးပွဲအေးချမ်းအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနီးကပ်ကြီးကပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)