မိုင်းရယ်မြို အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြော

မိုင်းရယ် ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတိုပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ယမန်နေ့ နေလယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး ဟော‌ပြောသည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အအကြောင်းအရာများကိုလည်းကောင်း၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဥမ္မာလှိုင်က ယနေ့ခေတ်လူငယ်များနှင့် လူ့ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးအန္တရာယ်ဖြစ်ပေါ်နေမှုနှင့် ကြိုတင်ကာကွယ်ရှောင်ရှားနိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ မြိုနယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခမ်းမိုက ကျောင်းသားလူငယ်များ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကို စနစ်တကျလေ့လာလိုက်စားခြင်းဖြင့် မိမိပညာရေးကိုပါ တိုးတက်‌ကောင်းမွန်နိုင်သည်များကိုလည်း‌ကောင်း အသီးသီး အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခမ်းမိုက အခြေခံပညာအလယ်တန်းကျောင်းအတွက် အားကစားပစ္စည်းများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်ညွန့်ကလက်ခံရယူသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်စာကြည့်တိုက်အဖြစ် နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှု မှတ်သားခဲ့ကြသည်။

မိုင်းရယ်ပြန်/ဆက်