လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်အသိပညာပေးဟောပြော

လှိုင်သာယာ(အနောက်) ဇွန် ၁၉

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မား‌လာစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း နတ်သျှင်နောင်ခန်းမ၌​ ပြုလုပ်ခဲ့သည်။

ဦးစွာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားပြီး၊ စာရေးဆရာ စိုးမိုးသိမ်း (လှိုင်သာယာ) က "စာဖတ်မှဖြစ်မည်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ကဗျာဆရာ မုန်းမာန်ခ (ဧရာဝတီ) က "ဖူးပုရစ်တို့ ဖွင့်သစ်စေချင်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကြပြီး၊ အ.ထ.က (၃) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း နံရံကပ်စာစောင်များကိုပြသခြင်း၊ လူငယ်များ၏ သိကောင်းစရာဗဟုသုတစာအုပ်/ စာစောင်များကိုပြသပေးကာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်​ဝေပေးခဲ့သည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်နှင့် ဝန်ထမ်းများ၊ စာရေးဆရာများ၊ အ.ထ.က (၃) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)