မိုင်းကိုင်မြို့နယ်၌ ခမ်းဝါအထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် အသင်းသားများထံ အစုရှယ်ယာအပေါ်အမြတ်ငွေများ ထုတ်ပေး

မိုင်းကိုင် ဇွန် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ခမ်းဝါအထွေထွေစီးပွားရေးသမ ဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ခမ်းဝါအထွေထွေစီးပွားရေးသမ ဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဒေါ်ဖြူဖြဝင်းက အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အောင်က အသင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတက်းတက်ရေးနှင့်ပတ်သက်၍  အကြံပြုဆွေးနွေးခဲ့သည်။

ထို့နောက် အသင်းအမှုဆောင်များက အသင်း၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်း၊ အသင်းသားစာရင်းစစ် အစီရင်ခံစာများကိုဖတ်ကြားတင်ပြရာတက်ရောက်လာသည့်အသင်းသားများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီးနောက် တာဝန်ရှိသူများကအသင်းသားအသင်းသူ ၇၁ ဦးထံသို့ အစုရှယ်ယာ အပေါ်အသားတင်အမြတ်ငွေ ၁,၀၀၄,၈၄၉ ကျပ်ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)