ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

ကျောက်တလုံးကြီး ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး အ.ထ.က‌ကျောက်တလုံးကြီး ကျောင်းသား/ကျောင်းသူများအတွက် ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ အသိပညာပေးနံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တလုံးကြီးမြို့ ဦးစီးမှူးနှင့် ဆရာမများက ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုတံဆိပ်များချီးမြှင့်ပေးခဲ့ကြကြောင်းနှင့် ကျောက်တလုံးကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူလူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ပြပွဲပြိုင်ပွဲများ၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း