မချမ်းဘော ဇွန် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပြည်သူ့အစိုးရ၏ ပထမရက်(၁၀၀) လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အလကမြို့မကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ရက် (၁၀၀) လမင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်လင်းထက်၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက် အထောက်အထားများဖြည့်စွက်ကာ စိစစ်ထုတ်ပေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးပြီးနောက် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးထံ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အထက ထရန်ဒမ်းကျောင်းနှင့် အထကမချမ်းဘောကျောင်းများတွင်လည်း လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ