မချမ်းဘောမြို့ ပြည်သူ့ဆေးရုံတွင် ပြည်သူအတွက်ပထမရက် ၁၀၀ အထိမ်းအမှတ် ပူတာအိုခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ (အခမဲ့) ကွင်းဆင်းဆေးကုသဆောင်ရွက်မည်

မချမ်းဘော ဇွန် ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ခံယူနိုင်ရန်အတွက် ပြည်သူအတွက်ပထမရက် ၁၀၀ အထိမ်းအမှတ် ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ (အခမဲ့) ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခြင်းကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီမှစ၍ မချမ်းဘောပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (အခမဲ့) ကွင်းဆင်းကုသဆောင်ရွက်ရာတွင် ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာချမ်းငြိမ်းအောင် ဦးဆောင်သော ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်၊ သွားဆရာဝန်၊ ဓာတ်မှန်ဆရာဝန်၊ ရိုးအကြော အထူးကုဆရာဝန်များက သက်ဆိုင်ရာရောဂါအလိုက်ဆေးစစ်ခြင်း၊ ကုသခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရပ်ဝေးဒေသများမှ လူနာများအတွက် သွားလာမှုအဆင်ပြေစေရေးအတွက် ယာဉ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယောရွှေနီ (မချမ်းဘော )