ကျေးသီးမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျေးသီး ဇွန် ၁၉

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) တွင် KG ကလေးငယ်များ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား / ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအားလုံး သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများ ခိုအောင်းမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ၊ ကာကွယ်ဆေးဖြန်းခြင်းများကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အဘိတ်ဆေးခတ်ခြင်း၊ ကာကွယ်ဆေးဖြန်းခြင်းလုပ်ငန်းများကို ကျေးသီးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမများနှင့် ဝန်ထမ်းများ ဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)