ဖယ်ခုံမြို့၌ Placement Test စာမေးပွဲ ကျင်းပ

ဖယ်ခုံ ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ပညာဆက်လက်တင်ယူနိုင်မည့် အစီအစဉ်ဖြင့် ဆောင်ရွက်သည့် Placement Test စာမေးပွဲကို ဖယ်ခုံမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများက ဇွန် ၁၅ ရက် နံနက်ပိုင်းမှစ၍ ဖြေဆိုလျက်ရှိကြသည်။

အဆိုပါစာမေးပွဲသို့ ဖယ်ခုံမြို့နယ်အတွင်းမှ ကျောင်းပြင်ပရောက်ရှိနေသော  မူလတန်းအဆင့် (၅၃၆) ဦးနှင့် အလယ်တန်းအဆင့် (၃၄၁) ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၇၇) ဦး ဝင်ရောက်ဖြေဆိုပြီးလျက်ရှိပြီး Placement Test စာမေးပွဲကို (၁၅-၆-၂၀၂၆) ရက်နေ့မှ (၂၀-၆-၂၀၂၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)