ကျိုင်းတောင်း ဇွန် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ကျိုင်းတောင်းမြို့ရှိ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးရေးမြို့ဦးစီးမှူး ဦးစိုင်းကျော်အေးမှ ထောက်ပံ့ပေးအပ်မည့် ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ၊ ကွန်ပေါင်းမြေသြဇာနှင့် မျိုးစေ့များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူလယ်သမားများအား စိုက်ပျိုးရေးဆိုင်ရာနည်းစနှစ်နှင့် ဗဟုသုတများအား ရှမ်းတိုင်းရင်းသားဘာသာစကားဖြင့် ရှင်းပြခဲ့ကြောင်း သိရသည်။ ထို့နောက် ကျိုင်းတောင်းမြို့စိုက်ခင်းများအတွက် Urae ဓာတ်မြေသြဇာ ၁၀ အိတ်၊ ကွန်ပေါင်းမြေသြဇာ ၁၀ အိတ်၊ ပေါင်းစည်းလယ်ယာသဘာဝမြေသြဇာ ၄၀ အိတ်နှင့် မျိုးစပါးတန်ရွေး 456 (၁၀၀ ကီလို) အား တောင်သူလယ်သများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင် တတ်ရောက်ခဲ့ပြီး တောင်သူ ၁၀ ဦးတတ်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကို/ပြန်ဆက်