တန့်ယန်း ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့မှ စုဖွဲ့လေ့ကျင့်ခြင်းနှင့် အသင့်စုဖွဲ့ပြင်ဆင်ခြင်းများအား ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်သည်။
အဆိုပါ စုဖွဲ့လေ့ကျင့်ခြင်းနှင့် အသင့်စုဖွဲ့ပြင်ဆင်ခြင်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေဖြိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်များ၊ အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)