နောင်ချို ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီအချိန်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြနည်းစနစ်မှူး ဒေါ်အေးအေးခိုင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးပြီး ထက်မြက်သောလူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အားကစားအသိပညာပေးဟောပြောပွဲများကို ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အားကစားဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်းသိရသည်။
ထို့နောက် အမှတ် (၄) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူခိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်