မက်မန်းခရိုင် လမ်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းနှင့်ဝန်ဆောင်မှု အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

မက်မန်း ဇွန် ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်လမ်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မက်မန်းခရိုင် လမ်းဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး  ဦးကျော်မြင့်လှိုင်က အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင်က တင်ဒါနှင့်ပတ်သက်သည့် အချက်အလက်များ ပြောကြားခဲ့သည်။ ဆက်လက်၍ တင်ဒါကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) တင်ဒါကော်မတီ အတွင်းရေးမှူး ဦးပြည်ကျော်ခိုင်က တင်ဒါစည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်းအား Lot အရေအတွက် (၂) ခုခွဲ၍ ယှဉ်ပြိုင်သူ (၃)ဦးတို့မှ Profile စာအိတ်များ/ Technical စာအိတ်များကို တင်ဒါကော်မတီများ၏ ရှေ့မှောက်တွင် အဆိုပြုလွှာများကို တင်ဒါပုံးတွင်ထည့်သွင်းယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် Profile စာအိတ်များ/ Technical စာအိတ်များ အောင်မြင်သောကုမ္ပဏီစာရင်းကို ဖွင့်ဖောက်ကြေညာခဲ့ပြီး Price Proposal စာအိတ်များ ဖွင့်ဖောက်ကြေညာမှတ်တမ်းတင်ခြင်းများကို တင်ဒါစည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)