ရွှေကူ ဇွန် ၁၉
ရေးဘေးအန္တရာယ်နှင့် ရေပြင်ကယ်ဆယ်ရှာဖွေရေး ဇတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဇွန်လ ၁၉ ရက် နံနက် (၁၀)နာရီခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မြို့နယ်အား က စားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ရဲမှူးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးစံ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များက တက်ရောက်ကြည့်ရှု၍ အားပေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ရေးဘေးအန္တရာယ်နှင့် ရေပြင်ကယ်ဆယ်ရှာဖွေရေး ဇတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကိုကျင်းပရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ခေတ္တဥက္ကဋ္ဌ ရဲမှူးမြင့်ဇော် က ရွှေကူမြို့သည် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ နှစ်စဉ် မိုးရာသီ၌ မြေနှိမ့် ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းနံဘေးရှိကျေးရွာအချို့တွင် ရေကြီးနှစ်မြုပ်မှုများကြောင့် ရေးဘေးအန္တရာယ်နှင့်ကြုံတွေ့ကြရသည်ဖြစ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီတုံ့ပြန်ဆောင် ရွက်နိုင်စေရန်အတွက် ယခုကဲ့သို့ ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လေ့ကျင့် မှုမှသည် မိမိကိုယ်ကိုယ်ယုံကြည်၍ ရဲရင့်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်ဇော်ဝင်းနှင့် တပ်ကြပ်ကြီး ဒေါ်နွေးနွေးတို့က ခင်ကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ ကိုင်တွယ်အလုပ် လုပ်ပုံအဆင့်ဆင့်ကို အသေးစိတ်ရှင်း လင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၄)ရပ်ကွက်၊ ရေပြန်ကြီး ရေဆိပ်၌ ကယ်ဆယ်ရေးသရုပ်ပြဇတ်တိုက် လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ က ရေဘေးအန္တရာယ်ကြုံတွေ့ရသည့် လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ဒဏ်ရာရလူနာအား ရှေးဦး သူနာပြုစုနည်း၊ ရေကြီးလာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွေ့ပြောင်းရန် ဇတ်တိုက်လေ့ကျင့် သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်