နောင်တရား ဇွန် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ဘုရားဖြူ ကျေးရွာအုပ်စုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူလူထုများအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဘုရားမဲဘုန်းကြီးကျောင်း၌ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာ စကားပြောကြားရာ မိမိတို့ကျေးရွာအုပ်စုတွင် ဒေသလိုအပ်ချက်များ၊ အခက်အခဲများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လူမူစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသလိုအပ်ချက်များ/ အခက်အခဲများကို ဆွေးနွေးတင်ပြရာ ဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)