ဒိုက်ဦးမြိုနယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းများဆောင်ရွက်

ဒိုက်ဦး ​ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဆင်စခန်းကျေးရွာ အလယ်တန်းကျောင်း (ခွဲ) တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ဇွန်လ (၁၈) ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ဆင်စခန်းကျေးရွာအလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းကို ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရေးအတွက် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်နှင့် ရုံးချုပ်မှပေးပို့သော သုတ၊ ရသ စာအုပ်စာစောင်များအား စုံလင်စွာပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)