တွံတေးမြို့နယ်တွင် "လူငယ်ရဲ့ဘဝနှင့်တန်ဖိုး" စာအုပ်ဖြင့် Youth Club စာဖတ်ဝိုင်းကျင်းပ

တွံတေး ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် " လူငယ်ရဲ့ဘဝနှင့်တန်ဖိုး" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများနှင့် YouthClub စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဋ္ဌေးအောင်က စာပေချစ်မြတ်နိုးသူ များအနေဖြင့်စာဖတ်ခြင်းကို အလေ့အကျင့်ကောင်း တစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း၊  စာအုပ်စာပေများ ဖတ်ရှုခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ မင်းသျှင်အောင်(တွံတေး)က ဆရာအောင်သင်း၏ အမှာစာနှင့် အချိန်ကို ဘယ်လိုအသုံးချသလဲခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ 

ယင်းနောက်  စာပေဝါသနာရှင် Youh Club  အဖွဲ့ဝင်မောင်ပြည့်စုံထွန်း က  " ကလေးတွေကို လူရာသွင်းပါ"ခေါင်းစဥ်ထဲကကလေးတွေကို လူကြီးလူကောင်းအဖြစ် သဘောထားပြီး ဆက်ဆံ လို့ရှိရင် လူကြီး လူကောင်းစိတ်ပေါက်လာတယ်။ ကိုယ့်သားသမီးတွေကို စိတ်ဓာတ် မြင့်လာအောင် ပျိုးထောင်ပေးရန်လိုကြောင်း၊ ဘာလိုလဲဆိုတော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ဖြစ်တယ်လို မိမိဖတ်မှတ်မိသမျှ ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အဖွဲ့ဝင် မသက်မှူးအိမ့်က "လူငယ်ရဲ့ဘဝနှင့်တန်ဖိုး" စာအုပ်ထဲက စာရေးဆရာအောင်သင်းရေးသားသည့်  "စာရိတ္တတန်ဖိုး "ခေါင်းစဥ်ထဲက ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်၊ လုပ်အားသွင်းပေးရတယ်။ အချိန်ကိုအသုံးချတဲ့အထဲမှာမှ တန်ဖိုးတွေထဲမှာ စာရိတ္တတတန်ဖိုးဆိုတာရှိတယ်။ စာရိတ္တတန်ဖိုးဆိုတာ ပင်ကိုတန်ဖိုးထဲမှာ စာရိတ္တ​တန်ဖိုးပါကြောင်း၊ ရိုးသားရတယ်၊မရိုးသားလိုရှိရင် ကြာလေကြာလေ သူဟာကျဆုံးသွားကြောင်း၊ တကယ်လို့ မရိုးသားရင် ဘာမှသုံးစားလိုမရတော့ကြောင်း စာရေးဆရာက ရေးသားထားသည့်ကို ဖတ်မှတ်မိတာကို ပြန်လည်မျှဝေ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များက မိမိတို့ ဖတ်မှတ်မိသမျှ  စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မျိုးလှိုင်(တွံတေး)