မူဆယ်မြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ရိုက်သွင်းခြင်းအား ကွင်းဆင်းဆောင်ရွက်

မူဆယ် ဇွန် ၂၀

အများပြည်သူတို့၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ရိုက်သွင်းခြင်း ကို အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူ များကို အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ ထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် မူဆယ်မြို့နယ်ဦးစီးမှူး ဦးဆလိုင်းဟေမန်ထွန်း တို့က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID  လုပ်ဆောင်နေသည့် နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ယနေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ရိုက်သွင်းနိုင်မှုမှာ ကျောင်းသား (၁၆)ဦးနှင့် ကျောင်းသူ (၂၆)ဦး၊ စုစုပေါင်း (၄၂)ဦးတို့အား နေ့ချင်းပြီးဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။   

ခရိုင်ပြန်/ဆက်