မရမ်းကုန်းမြို့နယ်၌ လူငယ်များအသိပညာမြင့်မားလာစေရေး အသိပညာပေးဟောပြော

မရမ်းကုန်း ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး‌ဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ ချောချော (ချော်တွင်းကုန်း) က ''မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်'' ခေါင်းစဥ်ဖြင့်စပ်လျဥ်း၍ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ကျန်းမာရေးအန္တရာယ်ဆိုးဝါးစွာပျက်ဆီးစေနိုင်ပုံ၊ မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံများအကြောင်းကို အကျယ်တဝင့်ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝေယံ(မရမ်းကုန်း)