သီပေါ ဇွန် ၂၀
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မိုးသီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘော်ကြိုကျေးရွာ အုပ်စုဆားတွင်းကျေးရွာတွင်ယမန်နေ့နံနက်ပိုင်းကမျိုးသန့်ပွားတောင်သူများနှင့် မိုးသီးနှံစံပြကွက် တောင်သူများအား မျိုးစေ့၊ဓာတ်မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦး က မျိုးစေ့၊ဓာတ်မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် သွင်းအားစုများအား တာဝန်ရှိသူများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း နှင့် အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တောင်သူ(၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်၊
မြို့နယ် ပြန်/ဆက်