ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နှစ်တို၊ နှစ်ရှည်၊ ရာသီ သီးနှံစိုက်ပျိုးရေးတောင်သူအစုအဖွဲ့များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

ပင်းတယ ဇွန် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ နှစ်တို၊ နှစ်ရှည်၊ ရာသီ သီးနှံစိုက်ပျိုးရေး တောင်သူအစုအဖွဲ့များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက မွေးမြူရေးဆိုင်ရာကိစ္စများကိုလည်းကောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက စိုက်ပျိုးရေးဆိုင်ရာကိစ္စများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍အခမ်းအနားသို့ တက်ရောက်လာကြသည့် စိုက်ပျိုးရေးတောင်သူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များက မိမိတို့၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)