လှည်းကူးမြို့နယ် ပညာရေးဒီဂရီကောလိပ်တွင် လူငယ်နှင့်ပညာရည်မြင့်မားရေး လူငယ်စကားဝိုင်းကျင်းပ

လှည်းကူး ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်နှင့်ပညာရည်မြင့်မားရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၉:၃၀)အချိန်က ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနားကို လူချွန်လူကောင်း သီချင်းဖြင့် ဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ လှည်းကူးပညာရေး ဒီဂရီ ကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က မုဒိတာစကားပြောကြားခဲ့ပြီး ပညာရေးဘာသာရပ်များဌာနမှ လက်ထောက်ကထိက ဦးအောင်မင်းစိုး ၊ ပညာရေးဘာသာရပ်များဌာနမှ‌တွဲဖက်ပါမောက္ခ ဒေါက်တာဇူးဇူးလွင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ် တို့မှ moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး စတုတ္ထနှစ် ဒုတိယနှစ်ဝက် ကျောင်းသူ မမေသင်္ကြန်မိုးမှ လူငယ်တွေပညာရည်မြင့်မားဖို့လုပ်ဆောင်ရမည့်နည်းလမ်းများ၊ တတိယနှစ်ဒုတိယနှစ်ဝက် ကျောင်း သားမောင်ဇင်သူမောင်မှ ပညာနှင့် လူငယ်ဆက်စပ်ပုံများ ၊ဒုတိယနှစ် ဒုတိယနှစ်ဝက် ကျောင်းသား မောင်ချစ်ဝိုင်းကိုမှ လူငယ်တွေမှာရင်ဆိုင်နေရသောစိန်ခေါ်မှုများနှင့် ပထမနှစ် ဒုတိယနှစ်ဝက်ကျောင်းသူ မနေခြည်လင်းမှ နည်းပညာကိုအကျိုး ရှိရှိ သုံးစွဲသင့်ကြောင်း စသည့်ခေါင်းစဉ်များ ဖြင့်အသီးသီးဆွေးနွေးခဲ့ကြသည်။  

အဆိုပါအခမ်းအနားသို့ မြို့နယ်စီ မံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်ဝင်များ ၊လှည်း ကူးပညာရေး ဒီကရီကောလိပ်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးလွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ရသ စာအုပ်စာ‌စောင်များနှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာ‌စောင်များကို ကျောင်းသားကျောင်းသူများမှ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်