လွိုင်လင်မြို့ မူလွန်(၅)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ ပေးဟောပြောပွဲဆောင်ရွက်

လွိုင်လင် ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ မူလွန်(၅)ကျောင်းသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးသိန်းက  စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ စာပေလေ့လာဖတ်ရှုပြီး အောင်မြင်ကျော်ကြားသည့် ပုဂ္ဂိုလ်များအကြောင်းနှင့် စာအုပ်စာပေ၏ တန်ဖိုးအကြောင်းကို လည်းကောင်း ကျွမ်းကျင်(၃) (ရုပ်သံ) ဒေါ်နန်းနွမ်းခမ်းက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၄၇)ဦးတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒေါ်နန်းအေးအေးသိန်း(လွိုင်လင်)