မိုင်းရှူး ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့မွန်းလွဲ (၁)နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက မူးယစ်ဆေးအမျိုးမျိုး၊ မူးယစ်ဆေး၏ဆိုးကျိုးနှင့် အန္တရာယ်များအကြောင်း ဟောပြောသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးနှင့်ပတ်သက်သည့် အသိပညာပေး စိတ်ကြိုက်ပန်းချီများ ရေးဆွဲခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကျန်းမားရေးဆိုင်ရာနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)