ပြည်မြို့၌ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း ပိတ်ပွဲအခမ်းအနားကျင်းပ

​ပြည် ဇွန် ၂၀

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပြည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော "အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း" ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၊ ပြည်ခရိုင်ရုံး၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးခဲ့သည့် တိုင်းရင်းဆေးပညာရပ်များကို မိမိတို့၏နေ့စဉ်လူမှုဘဝ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် လက်တွေ့ကျကျ ပြန်လည်အသုံးချကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်က သင်တန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ တာဝန်ရှိသူများက သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဝဏ္ဏထွန်း(ပြန်/ဆက်)