တာချီလိတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ရုံးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းရှိ အဆိုပါရုံးသစ်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့တိုးတက်ရေးအသင်း ဗဟိုဥက္ကဋ္ဌ ဦးနန္ဒကျော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်လှနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ရှမ်းပြည်နယ်အရှေ့ပိုင်း(တာချီလိတ်)ဥက္ကဋ္ဌ ဦးကျော်သီဟတို့က ရုံးခန်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် အသင်းဝင်များက ရုံးခန်းသစ်အား လှည့်လည်ကြည့်ရှုကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ရုံးခန်းသစ်ဖွင့်လှစ်ခြင်းသည် ဒေသတွင်းအိမ်ခြံမြေလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုး တက်လာစေရေး၊ အိမ်ခြံမြေလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ အိမ်ခြံမြေဆိုင်ရာ အသိပညာနှင့်ဝန်ဆောင်မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း