မိုင်းပျဉ်း ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပညာရေးဌာနမှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် “နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ဖို့ မြန်မာအမျိုးသမီးများ ကြိုးစားကြစို့” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို စတင်ကျင်းပရာ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အထက-မိုင်းပျဉ်းမှ (၉) ဦး၊ အထက(ခွဲ)၊ မိုင်းပျဉ်းမှ (၆) ဦးနှင့် အထက-တုံတာမှ (၃) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပညာရေးဌာနမှ သတင်းရရှိသည်။
နန်းသန္တာဦး