မောက်မယ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မောက်မယ် ဇွန် ၂၁       

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) စာကြည့်တိုက်ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်း‌ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်စိန်က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြန်မာအမျိုးသမီးများနှင့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများအကြောင်းနှင့်ပတ်သက်၍ အကျယ်တဝင့်အပြန်အလှန် ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် “နိုင်ငံဂုဏ်ဆောင်ထူးချွန်ဖို့ မြန်မာအမျိုးသမီးများကြိုးစားစို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းဆင့်ကျောင်းသား/ ကျောင်းသူများ(၉)ဦးတို့မှ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)