ကျေးသီး သြဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်စည်ပင်သာယာစျေး၌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်း စာစောင်နှင့်ပိုစတာများဖြန့််ဝေခြင်းနှင့် မဲစာရင်းသွားရောက်ကြည့်ရှုရန်နှိုးဆော်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများ၊ Training Officer ဒေါ်ဝင်းမြထွန်း ဦးဆောင်သော လူငယ်များ အတွက် ဒီမိုကရေစီနိုင်ငံသားဆိုင်ရာ စံနှုန်းနှင့် မဲဆန္ဒရှင် အသိပညာပေး သင်တန်းသူ/သားများမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင် ပါသလား လက်ကမ်း စာစောင်နှင့် ပိုစတာအကြီး၊ မကြာခဏ မေးလေ့မေးထ ရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ ပိုစတာအသေးတို့ကို မြို့နယ်စည်ပင်သာယာစျေးအတွင်း စျေးရောင်း/ စျေး ဝယ်များ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများထံ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြပြီး မဲစာရင်းများ သွားရောက်ကြည့်ရှုကြရန်နှင့် အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူများ မဲစာရင်းတွင် အမည်မပါ ရှိခြင်း၊ မှားယွင်းခြင်းများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ထံ အချန်မီ အကြောင်းကြားကြရန် ပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)