မိုင်းရယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုင်းရယ် ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုတွင် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီကအခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ထိုသိုပြုလုပ်ရာတွင် အခြေခံပညာအထက်တန်း‌ကျောင်းမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးတိုက “နိုင်ငံဂုဏ်ဆောင်ထူးချွန်ဖို့ မြန်မာအမျိုးသမီးများ ကြိုးစားဖို” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲဥက္ကဋ္ဌ ဒေါ်တင်ထွေးရီနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)