တန့်ယန်း ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်ကျော်၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မာလွင်နှင့် ဆရာ၊ ဆရာမများက ကြီးကြပ်၍ “နိုင်ငံဂုဏ်ဆောင် ထူးချွန်ဖို့ မြန်မာ အမျိုးသမီးများကြိုးစားစို့” ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)