​​​​​​​ဟင်္သာတမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေ

ဟင်္သာတ   ဇွန်   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ဟင်္သာတခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဦးဆောင်မှုဖြင့် ယနေ့နံနက်က ဟင်္သာအဝိုင်းရှေ့၌ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ စုပေါင်းဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဟင်္သာတခရိုင် သဘာဝဘေးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူမောင်နှင့်ဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ဦးအောင်ဇော်မင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သန်းကျော်ဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်(၉)မျိုး၊ စောင်ရေ (၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ဟင်္သာတခရိုင်(ပြန်/ဆက်)