ဇလွန် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ််နိုင်ရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ညောင်ပင်သာကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာလေးမွန်ကြည်က ညောင်ပင်သာကျေးရွာရှိ မွေးမြူရေးသမားများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်များကူးစက်ရောဂါနှင့် ရောဂါဖြစ်ပွားမှုများပျံနှံမှုကို ကြိုတင်ကာကွယ်ရန်သာ အားထားရာဖြစ်၍ မွေးမြူရေးသမားများ ကိုယ်တိုင်လိုက်နာစေရန်အတွက် ကူးစက်ရောဂါကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်၊ မွေးမြူရေးခြံများ၌ ကူးစက်ရောဂါများမဖြစ်ပွားစေရန်၊ မွေးမြူရေးခြံများ၌ သန့်ရှင်းမှု၊ လေဝင်လေထွက်ကောင်းမွန်မှသာ ကူးစက်ရောဂါကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ ကြသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)