မိုးညှင်း ဇွန် ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကျင်းပပြုလုပ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယနေ့နံနက် (၉) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းရေးတို့ကို မဏ္ဍိုင်ကြီး သုံးရပ်ဖြင့် ဘက်စုံထောင့်စုံမှ ဖော်ဆောင်လျက်ရှိပြီး ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုတို့သည် နိုင်ငံတော်၏ အခြေခံအကျဆုံးသော အုပ်ချုပ်ရေးယန္တရား အစိတ်အပိုင်းလည်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် ခရိုင်ဥပဒေအရာရှိ ဦးသန်းထိုက်တို့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်/ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ကို မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဂျာမိုင်လုနှင့် တာဝန်ရှိသူများက ဇွန် (၂၂) ရက်မှ (၂၆) ရက်အထိ ငါးရက်ကြာသင်ကြားပို့ချက်လျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း