ကျိုင်းတောင်းမြို့ ဇွန်လ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ တုန်ဟုန်းဘုန်းကြီးကျောင်းဝန်းအတွင်းထမင်းစာဆောင်တွင်(၂၁.၆.၂၀၂၆)ရက်နေ့ နေ့လယ် ၁ နာရီက အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခန့်ထားရေးအတွက် ကြီးကြပ်ရေးမှူး ၅ ဦးရွေးချယ်ပွဲကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကြီးကြပ်ရေးမှူးရွေးချယ်ပွဲသို့ အမှတ် ၅ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေး၊ ကျေးရွာအုပ်စုရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှုး၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်သူရပ်ကွက်သားများတက်ရောက်ခဲ့ကြပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူး ၅ ဦး ရွေးချယ်ခြင်းကိုပါဝင်ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကိုကို/ပြန်ဆက်