ဖားကန့် ဇွန် ၂၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဥပဒေရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဥပဒေချုပ်ရုံးမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) သင်တန်းဖွင့်ပွဲကို ဇွန်လ (၂၂)ရက် နံနက် ၈ နာရီခွဲက ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ ဖားကန့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးလွင်မျိုးထက်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇွန်လ (၂၂) ရက်မှ (၂၆)ရက်နေ့အထိ (၅) ရက်ကြားဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၄၀) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)