မအူပင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ခရိုင်အခြေပြုပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မအူပင် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ခရိုင်အခြေပြုပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းအား ယနေ့နံနက် (၉) နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီးဝင်းဇော်မှ တစ်နိုင်တစ်ပိုင်ပျားမွေးမြူရေးကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာသန်းသန်းအေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဟောပြောပြီး နေပြည်တော်(ရုံးချုပ်)မှ ပျားမွေးမြူရေးသင်တန်းနည်းပြဆရာ (၃) ဦးမှ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များရှိ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီးဝင်းဇော်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာသန်းသန်းအေးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇွန်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိဖြစ်ကြောင်းသိရသည်။

အောင်မြင့်မြတ်(ပြန်ဆက်)