နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကွင်းဆင်းပညာပေးဆွေးနွေးဆောင်ရွက်

နောင်ချို ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့နံနက်()နာရီခွဲတွင် မြို့နယ်အတွင်းရှိ ကြက်ဥ၊ နွားနို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသော PEP ခေတ်မီနို့စားနွား မွေးမြူရေးခြံနှင့်ဥစားကြက်မွေးမြူရေးခြံများသို့ ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ၊ ကြုံတွေ့နေရသော အခက်အခဲများအပေါ် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်သည်(၂၀.၆.၂၀၂၆)ရက်နေ့နံနက်(၀:၀)နာရီအချိန်တွင် နောင်ချိုမြို့နယ် ခဲထိတ်ကျေးရွာရှိ နို့စားနွား (၃၇၁)ကောင်မွေးမြူထားရှိသော PEP ခေတ်မီနို့စားနွားမွေးမြူရေးခြံ သို့လည်းကောင်း၊ မွန်းလွဲ(၁)နာရီတွင် နန်းလင်းခံကျေးရွာရှိ ဥစားကြက်(၃၈၅၀၀)ကောင် မွေးမြူထားရှိသော ဒေါက်တာခင်သီတာကို၏ ဥစားကြက်မွေးမြူရေးခြံသို့လည်းကောင်း ကွင်းဆင်းသွားရောက်ကာ နို့စားနွားမွေးမြူထားရှိကောင်ရေနှင့် နို့ထုတ်လုပ်နိုင်မှုမိုတိုးတက်လာစေရေးဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသတွင်းနွားနို့သောက်သုံးမှုအပေါ် များစွာပိုလျှံထုတ်လုပ်နိုင်မှုအခြေအနေများ၊ နို့ထွက်ပစ္စည်းကုန်ချောထုတ်လုပ်နိုင်ရေးကြုံတွေ့နေရသောအခက်ခဲအချို့နှင့် ဥစားကြက်ကောင်ရေတိုးမြှင့်မွေးမြူကာ ကြက်ဥတိုးတက်မြင့်မားစွာထုတ်လုပ်နိုင်မှုအခြေအနေများအပေါ် အသေးစိတ်စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်ပြန်ဆက်