မြန်အောင်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးတွင် ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲကျင်းပ

မြန်အောင် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မျှင်ဝါး‌တောင်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်‌အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများအား မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မှု မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွင်းအားစုများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ မိုးစပါးသီးနှံအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြန်အောင်မြို့နယ်တွင် ဧက (၂၀၀၀၀) အတွက် သွင်းအားစု မျိုး‌စေ့နှင့်ယူရီးယားဓာတ်မြေဩဇာဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)