ကျေးသီး ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မြို့ပေါ်ရှိရပ်ကွက်(၆)ရပ်ကွက်တွင် ရပ်ကွက်သူ/သားများ သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ၊ ကာကွယ်ဆေးဖြန်းခြင်းများကို ယနေ့နံနက်(၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အဘိတ်ဆေးခတ်ခြင်း၊ ကာကွယ်ဆေးဖြန်းခြင်းလုပ်ငန်းများကို ကျေးသီးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမများနှင့်ဝန်ထမ်းများဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးသီး(ပြန်/ဆက်)