၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ညောင်တုန်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၁ ရက်နေ့နံနက် ၈ နာရီက စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ စုပေါင်းစိုက်ပျိုးခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ထံသို့ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦး‌မင်း‌အေးချမ်းဇွန်က ပျိုးပင်များပေးအပ်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးမျိုးကျော်မှ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိုးအောင်နှင့်လူမှုရေးအသင်းအဖွဲ့များထံသို့ ပျိုးပင်များ ပြန်လည်ပေးအပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့်တို့က ကျွန်း (၅၀) ပင်၊ ပျဉ်းကတိုး (၅၀)ပင်၊ မန်ဂျန်ရှား (၄၀) ပင်၊ မဟော်ဂနီ (၅၀) ပင်နှင့် စိန်ပန်း (၁၀) ပင် စုစုပေါင်းအပင် (၂၀၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်၊၊

မြို့နယ်(ပြန်ဆက်)