ကြံခင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသက်မွေးဝမ်း ကြောင်းအထောက်အကူပြု ကောက်ရိုးမှို လက်တွေ့စိုက်ပျိုး

ကြံခင်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ကောက်ရိုးမှိုလက်တွေ့စိုက်ပျိုးပြသခြင်းလုပ်ငန်းကို ယမန်နေ့က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)နှင့် ဘက်ရဲအမှတ်၂ ဧက(၁၀၀) စံပြကွက် ရှင်းလင်းဆောင်ဘေးတွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ကောက်ရိုးမှိုလက်တွေ့စိုက်ပျိုးခြင်းကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)ရှိ စိုက်ပျိုးရေးဘာသာရပ်သင် ကျောင်းသား၊ ကျောင်းသူများအား အကျယ် ၁၀ ပေ၊ ၃ ပေ စိုက်ဘောင် ၅ ဘောင်အား မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြသ လုပ်ဆောင်ခဲ့ကြသည်။ ထို့နောက် ဘက်ရဲမြို့၊ အမှတ်(၂) ဧက(၁၀၀) စံပြကွက်ရှင်းလင်းဆောင်ဘေးတွင် မှိုစိုက်ဘောင် ၅ ဘောင် စိုက်ပျိုးထားရှိခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် (၄) ဘောင် စိုက်ပျိုးပြသခြင်းကို စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး တောင်သူများအား မှိုစိုက်ပျိုးထုတ်လုပ်နည်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထိုသို့မှိုစိုက်ပျိုးခြင်းကြောင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လာနိုင်ပြီး ဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)